ကိုယ်ပိုင် သံစဥ်-စာသား တေးရေးဆရာများ တပုဒ်နဲ့တပုဒ် ရေးချိန်တူချင်မှတူသလို၊ ဒီတခါရေးတာ နဲနဲကြာသွားတယ်။ ပိုပြီလဲနက်ရှိုင်းအောင် ကြိုးစားထားတာကိုး။
ကျနော်၏
Ontodynamic Reality Theory (ORT)
သီအိုရီတွင် မိတ်ဆက်ထားသည်များမှာ၊
၁။ဝေါဟာရအသစ်များ
၂။အခြေခံသဘောတရားအသစ်များ
၃။ပင်မမူလ ညီမျှခြင်း အသစ် နဲ့ သင်္ချာတည်ဆောက်ပုံအသစ်များ
၄။ ဖြစ်တည်ခြင်း၏အခြေခံသစ်
စသည့် တခါမျှမရှိခဲ့ဖူးသော အခြေခံသဘောတရားအသစ်များ၊ အနက်အဓိပါယ်နဲ့ မူရင်းဝေါဟာရအသစ်များ၊ သချာ်ညီမျှခြင်းအသစ်အချို့နဲ့ မိတ်ဆက်ထားတယ်။
အားလုံးသည် ကျနော်၏ လုံးဝမူရင်းလက်ရာပါ— မည်သည့်အရာကိုမျှ ကူးယူထားခြင်း၊ ကိုးကားခြင်း၊ မွမ်းမံထားခြင်း သို့မဟုတ် ရှိပြီးသား အယူအဆများအပေါ် အခြေခံထားခြင်းမရှိပါ။ အစိတ်အပိုင်းတိုင်းကို ကိုယ်ပိုင်စဉ်းစားမှုမှ စနစ်တကျဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။
သချာ်ညီမျှခြင်းအပိုင်းတွေကို ထပ်မံအားဖြည့်ဖို့ကြိုးစားရင်းနဲ့ ကြာသွားခဲ့တာ။ မည်သူမဆို ထပ်မံဖြည့်စွပ်ပါဝင်နိုင်အောင် ဖွင့်ထားရစ်ခဲ့တယ်။
ခုနေတော့ တော်တော်ကြီးကို ရုပ်လုံးပေါ်နေပါပြီ။
အဂ်လိပ်လို စာစီနေပါပြီ။
မကြာခင် ကျနော့် website မှာ (ဒီနေရာမှာပဲ) တင်ပေးထားပါမယ်။
၂၀ရာစုရဲ့ အတွေးအခေါ်ဟောင်းတွေ၊ အယူအဆအဟောင်းတွေစွန့်လွတ်ပြီး
၂၁ ရာစုရဲ့ အခြေခံသဘောတရား အုတ်မြစ်အသစ် ORT ကို လက်ခံဖို့ သင် အဆင်သင့်ဖြစ်ပြီလား။